လူ့အခွင့်အရေး

စီးပွားဖြစ် မွေးမြူထားသည့် အိမ်မွေးတိရိစ္ဆာန်များကို အစိုးရတပ်မတော်မှ ခိုးယူစားသောက်ခဲ့ဟု ဒေသခံများဆို

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ကျေးလက်ဒေသခံများ စီးပွားဖြစ် မွေးမြူထားသည့် အိမ်မွေးတိရိစ္ဆာန်များအား အစိုးရတပ်မတော် ခမရ-၅၈၀ တပ်ရင်းမှ တပ်သားများက ခိုးယူစားသောက်ခဲ့ကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သတင်းရရှိသည်။…

နွားကုန်သည်အား အစိုးရတပ်မတော်မှ အကြောင်းမဲ့ ဖမ်းဆီးကာ ငွေကြေးတောင်းခံ

အစိုးရတပ်မတော် ခလရ-၁၅၁ တပ်ရင်းမှ တပ်သားများသည် နွားကုန်သည်နှင့် နွားများကို အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းကာ မိသားစုဝင်များထံ ငွေကြေးတောင်းခံမှု ကျေးသီးမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်…

RCSS/SSA တပ်ဖွဲ့ဝင်များ လူထုနှင့်အစည်းအဝေးပြုလုပ်နေစဉ် အစိုးရတပ်မတော်မှဝင်ရောက်ဖမ်းဆီး

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် နားပွဲကျေးရွာအုပ်စုအတွင်းရှိ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတွင် ဒေသခံလူထုနှင့် အစည်းအဝေးကျင်းပနေသည့် သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်သားများကို ခိုလမ်မြို့နယ် တုန်ဟုန်းကျေးရွာအုပ်စုတွင် အခြေစိုက်ထားသည့် အစိုးရတပ်မတော်မှ…

မြန်မာအစိုးရနှင့် စစ်တပ်အား ICJ တရားရုံးတွင် တရားစွဲဆိုမည့်ကိစ္စအား ထောက်ခံကြောင်းရှမ်းလူမှုအဖွဲ့အစည်းများ ပူးပေါင်းထုတ်ပြန်ကြေညာ

ရှမ်းလူမှုအသိုင်းအဝိုင်းအဖွဲ့အစည်း ၁၇ ဖွဲ့ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာဥပဒေဖြင့် ICJ ၊ ICC နှင့် အာဂျင်တီးနားတရားရုံးတွင် မြန်မာအစိုးရနှင့် စစ်တပ်အား တရားစွဲဆိုခြင်းကို ထောက်ခံကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ကြေညာခဲ့သည်။…

ဘုန်းကြီးကျောင်းတွင်း မောင်းထွက်လာသည့် ဆွမ်းကပ်ပြန် ဒေသခံကားအား ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင်းတွင် ဘုန်းကြီးကျောင်းတွင်း ဆွမ်းကပ်လှူပြီး အိမ်ပြန်ရန် ဘုန်းတော်ကြီးကျောင်းဝင်းမှ မောင်းထွက်လာသည့် ဒေသခံကားတစ်စီးအား ‌ကျောင်းဝင်းတံခါးပေါက်မှ ရဲတပ်ဖွဲ့ဝင် ၅ ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။…

TNLA တပ်ဖွဲ့မှ ဒေသခံပြည်သူလူထုအား လွိုင်ရင်တောင်ပေါ်သစ်ခုတ်ပေးရန်စေခိုင်း

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် TNLA တပ်ဖွဲ့သည် ကျေးရွာ ၅ ရွာမှ ဒေသခံပြည်သူလူထုတို့အား လွိုင်ရင်တောင်ပေါ်တွင် သစ်ခုတ်ပေးရန် စေခိုင်းသည့်အပြင် ၎င်းတို့၏ သွားလိုသည့်နေရာများအား ဆိုင်ကယ်ဖြင့် လိုက်ပို့‌ပေးနေရပြီး…

ကွတ်ခိုင်မြို့နယ်လွယ်ကော်ကျေးရွာဘုန်းကြီးကျောင်း‌ ကျောင်းထိုင်ဆရာတော်အား တပ်မတော်မှ ဝင်ရောက်ရိုက်နှက်မှုဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွယ်ကော်ကျေးရွာဘုန်းကြီးကျောင်း‌ ကျောင်းထိုင်ဆရာတော်အား  မြန်မာ့တပ်မတော်မှ ဝင်ရောက်ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဥ်မှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်…

TNLAထောင်မိုင်းနင်းမိသော ဒေသခံနွားပိုင်ရှင်များမှ မိုင်းလျော်ကြေးပေးဆောင်ရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ ညောင်မောင်းကျေးရွာအုပ်စု ညောင်မောင်းကျေးရွာတွင် ဒေသခံနွားများ TNLA ထောင်ထားသည့်မိုင်းအား နင်းမိပြီး နွားသုံးကောင်သေဆုံးခဲ့သည့်အပြင် TNLA တပ်ဖွဲ့သည် ၎င်းတို့ထောင်ထားသည့် မိုင်းအဖိုးခအား နွားပိုင်ရှင်များထံ…

TNLA မှ ကျေးရွာပတ်ဝန်းကျင်တစ်ဝှက်မိုင်းထောင်ရုံသာမက ဒေသခံပြည်သူများအား ကျေးရွာပြင်ပဧရိယာသို့ မသွားရန် အဓမ္မပိတ်ပင်တားမြစ်မှုဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင်းရှိ ပန်မတ်မီးကျေးရွာတွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့၌ TNLA တပ်ဖွဲ့မှ ကျေးရွားပတ်ဝန်းကျင်အနီးတစ်ဝှက်တွင် မိုင်းထောင်ထားပြီး ကျေးရွာပြင်ပရှိ လယ်ယာနှင့်…

သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ သတင်းထုတ်ပြန်ချက်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဥ်းဒေသခံ သျှမ်းရွာသားနှစ်ဦးအား အစိုးရတပ် (ခလရ-၂၇၈)မှ ညှဥ်းပန်းနှိပ်စက်မှုနှင့် ပတ်သက်၍ ရှမ်းလူ့အခွင့်အ‌ရေးမဏ္ဍိုင်၏ ထုတ်ပြန်ကြေညာချက်