နမ့်ခမ်းမြို့၌ မူးယစ်ဆေးဝါးလွတ်လပ်စွာရောင်းဝယ်နေခြင်းအား အရေးယူမည့်သူမရှိ

သျှမ်းပြည်မြောက်ပိုင်း  နမ့်ခမ်းမြို့ထဲတွင် မူးယစ်ဆေးဝါးများကို လွတ်လပ်စွာရောင်းဝယ်ဖောက်ကားနေသည့်အပြင် မူးယစ်ဆေးဝါးကြောင့်  အိမ်ခြေမဲသူများ ခိုးဆိုးလုယက်မှုများ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးပွားလာသည့်အပြင် တာဝန်ရှိသူများလည်း အရေးယူပေးခြင်းမရှိကြောင်း သတင်းရရှိသည်။

နမ့်ခမ်းမြို့တွင်း မူးယစ်ဆေးဝါးလွတ်လပ်စွာ ‌ရောင်းဝယ်နေခြင်းနှင့် ပတ်သက်၍ မူးယစ်ဆေးဝါးရောင်းဝယ်နေသည့် နေရာကတော့ သာယာကုန်း နှင့် အောင်မင်္ဂလာရပ်ကွက်ကြားက လယ်ကွင်းအနီး၌ စျေးသဖွယ်ခင်းကျင်း၍ လွတ်လွတ်လပ်လပ်ပဲ ရောင်းဝယ်နေကြတာ တွေ့နေရတယ် တာဝန်ရှိသူများလည်း လာရောက်ဖမ်းဆီးခြင်း အရေးယူခြင်းမရှိကြောင်း´နမ့်ခမ်းမြို့ ဒေသခံ စိုင်းခမ်းဖွယ် က ပြောပြပါသည်။

ထို့အပြင် မူးယစ်ဆေးဝါးရောင်းဝယ်နေသည့် နေရာရှိနေသောကြောင့် နမ့်ခမ်းမြို့ပေါ်၌ အိမ်ခြေမဲ့ မူးယစ်ဆေးသုံးစွဲသူများလည်း တစ်နေ့ထက်တစ်နေ့တိုးပွားလာပြီး ၄င်းတို့သည် မြို့ထဲတွင် ပတ်ပြီးနေ့စဥ် ခိုးဆိုးလုယက်နေကြကြောင်း ၊ တစ်ကြိမ်တစ်ခါ မှ ဖမ်းဆီး အရေးယူနိုင်ခြင်းမရှိကြောင်း ၊နေ့တိုင်းလိုလိုပါပဲ အိမ်ရှေ့မှာ ရပ်ထားသော ဆိုင်ကယ်များခိုးခံရခြင်း ၊ လျှပ်စစ်မီးကြိုးများဖြတ်ခိုးခံရခြင်း ၊ ဘယ်လောက်ထိဆိုးဝါးလဲဆိုတော့ အများပြည်သူပိုင်နေရာတွေဖြစ်ကြတဲ့ ဆေးရုံ၊အားကစားရုံ နဲ့ မီးင်္သဂြိုလ်စက် က လျှပ်စစ်မီးကြိုးတွေဖြတ်ခိုးခံရသည်မှာ အကြိမ်ပေါင်း မနည်းတော့ပါဘူးဗျ ၊ ဝယ်သူရှိလို့ ခိုးသူရှိတယ် ပြောရမှာပဲ ´ ဟု အမည်မဖော်လိုသည့် ရပ်မိရပ်ဖတစ်ဦးမှ ပြောပြပါသည်။

၎င်းတို့အပြင် မူးယစ်ဆေးများကို စျေးသဖွယ်ပြုလုပ်ပြီး လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားနေသည်မှာ (၃)လခန့်ကြာပြီဖြစ်ကြောင်း ၊ ရပ်ကွက်အတွင်းများလည်း လောင်းကစားGameရုံများ လွတ်လွတ်လပ်လပ်ဖွင့်လှစ်နေသည်မှာ (၂)နှစ်ခန့်ရှိနေပြီဖြစ်ကြောင်း သာယာကုန်းရပ်ကွက်ဒေသခံ မလွေးလွေး ကဆိုသည်။

ယခု မူးယစ်ဆေးရောင်း၀ယ်ဖောက်ကားနေသောနေရာမှာ အရင် ဘိန်းစျေးဟောင်း ဟိုနမ့်(နမ့်ခမ်းဖောင်ချောင်းရင်းခံ) အနီးတွင်တည်ရှိနေပြီး အဆိုပါ ဟိုနမ့်မူးယစ်ဆေးစျေးအား ပြီးခဲ့သည့် 18.12.2019 ရက်နေ့တွင် အစိုးရဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများနှင့် အရန်မီးသတ်တပ်ဖွဲ့များစုပေါင်းပြီး ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

Leave a Reply

Your email address will not be published. Required fields are marked *